၁။ ၁၂၉၈-ခု၊ ခရစ်နှစ် ၁၉၃၇-ခုနှစ်တွင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် မွေးဖွားခဲ့သည်။
၂။ ၁၃၀၅-ခု၊ခရစ်နှစ်၁၉၄၄-ခုနှစ်တွင်သဲကုန်းမြို့တပ်ရွာ အလယ် ကျောင်းတွင် ဘုန်းတော် ကြီး ကျောင်းပညာ အခြေခံများကိုစတင်သင်ယူသည်။
၃။ ၁၃၁၃-ခု၊ ခရစ်နှစ် ၁၉၅၂-ခုနှစ်တွင် ရှင်သာမဏေပြုသည်။
၎။၁၃၁၈-ခု၊ ခရစ်နှစ် ၁၉၅၇-ခုနှစ်တွင် ရဟန်းပြုသည်။ ရဟန်းပြုပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ပညာသင်ကြားသည်။
၅။ ၁၃၂၂-ခု၊ခရစ်နှစ်၁၉၆၁- ခုနှစ်တွင်ဓမ္မာစရိယ စာချတန်းအောင်မြင်သည်။ “သာသနဓဇဓမ္မာစရိယဘွဲ့”ကို ရရှိသည်။
၆။ ၁၃၂၄-ခု၊ ခရစ်နှစ် ၁၉၆၃-ခုနှစ်တွင် သံဃတက္ကသိုလ်သို့ ၀င်ရောက်သည်။
၇။ ၁၃၂၆-ခု၊ ခရစ်နှစ် ၁၉၆၅-ခုနှစ်တွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကို ရရှိသည်။
၈။ ၁၃၂၆-ခု၊ ခရစ်နှစ် ၁၉၆၅-ခုနှစ်မှာပင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြု ကျောင်း (B.B.M. ကောလိပ်) တည်ထောင်သည်။
၉။ ၁၃၂၉-ခု၊ ခရစ်နှစ် ၁၉၆၈-ခုနှစ်တွင် စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချသည်။
၁၀။ ၁၃၃၄-ခု၊ ခရစ်နှစ် ၁၉၇၂-ခုနှစ်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ပဋိပတ်အလုပ် စတင်အားထုပ်ခဲ့သည်။
၁၁။ ၁၃၃၆-ခု၊ ခရစ်နှစ် ၁၉၇၅-ခုနှစ်မှ စတင်ကာ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ စတင်ဟောကြားသည်။
၁၂။ ၁၃၃၈-ခု၊ ခရစ်နှစ် ၁၉၇၇-ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ (အရှေ့)သီတဂူကျောင်းတိုက်ကို စတင်တည်ထောင်သည်။
